Wednesday, October 29, 2014

GSM အင်တာနက်လိုင်းကို3Gပြောင်းနည်း

ကျွန်တော်တို့ ကလေးမှာ GSM ဖုန်းနဲ့ အင်တာနက်သုံးရတာ အဆင်မပြေဘူးဗျ။ အင်တာနက်ဖွင့်ရင်လိုင်းက တော်တော်နဲ့မတတ်ဘူး။ တတ်ပြန်တော့လဲလိုင်းကသိပ်အဆင်မပြေဘူးဗျ။ အဲဒီတော့လိုင်းကောင်းမယ်ထင်တဲ့ ညနက်တဲ့အချိန်တွေလို ၊မနက်(1) နာရီလောက် အိပ်ရေးပျက်ခံပြီးသုံးရတယ်။ အဲလိုမဖြစ်အောင် ကျွန်တော်သုံးနေတဲ့ နည်းလေးကို သူငယ်ချင်းတွေကိုမျှဝေချင်ပါတယ်။ အရင်ကထက်လိုင်းကောင်းမွန်တာကိုတွေ့ရလိမ့်မယ်၊ Download ဆွဲရတာလဲ အဆင်ပြေတယ်၊ YouTube ကဗွီယိုဖိုင်တွေတောင် ကြည်လိုရတယ်နော်။ နည်းလေးကတော့...ပထမဆုံး ဖုန်း settings ထဲကိုဝင်ပါ။ ပြီးရင် more... ဆိုတာကိုနှိပ်ပါ။ နောက် mobile network. ကိုနှိပ်ပါ။ ပြီးရင် Network Mode. ရွေးပါ။ ကဒ်ပုံသင်္ကေတနဲ့. MPT. ဆိုတာကိုထပ်နှိပ်ပါ။ပြီးရင်ု Network Mode ရဲ့အောက်မှာ GSM/WCDMA (auto only). WCDMA only. GSM only. ဆိုပြီးသုံးမျိုးပေါ်လာပါမယ်။ သုံးမျိုးထဲ့က WCDMA only ဆိုတာကိုရွေးလိုက်ပါ။ ခဏစောင်ပါ network ရှာနေပါတယ်။ တခါတလေနည်းနည်း ကြာတတ်ပါတယ်၊ စိတ်မပူပါနဲ့ ခဏနေရင် ဖုန်းရဲ့ဘားပေါ်မှာ 3Gဆိုပြီး ပေါ်လာပါမယ်။ ဒါဆိုရင်တော့ ok သွားပါပြီ။ ဖွင့်ကြည်လိုက်ပါ အရင်ကထက် လိုင်းတတ်တာမြန်လာပါမယ် ၊လိုင်းလဲကောင်းလာတာတွေရပါမယ်။ အခုကျွန်တော်ပြောတဲ့နည်းကို တခြားသူငယ်ချင်းတွေလည်း သိရှိကြပြီးဖြစ်လိမ်မယ်၊ မသိသေးတယ်သူငယ်ချင်းတွေကို ပြန်မျှဝေပေးတာပါ။ အရင်ကအင်တာနက်ဖွင့်ရင် E ဆိုတဲ့သင်္ကေတာပေါ်ပါတယ်၊ 3G ပြောင်းပြီးတဲ့နောက်မှာ H+  ဆိုပြီးပေါ်ပါမယ်။ သူငယ်ချင်းအားလုံးအဆင်ပြေပါစေ။။ ။
းးးးးမှတ်ချက်တခါတလေ3Gလိုင်းပျောက်တတ်ပါတယ်။
တမူးတို့၊ကလေးဝတို့တွင် 3 G လိုင်းပျောက်ရင် အထက်ပါ ပြောခဲ့တဲ့အတိုင်း Network Mode မှာ GSM/WCDMA (auto only) ကိုပြန်ပြောင်းပါ လိုင်းပြန်ပေါ်လာပါမယ်။


www.kyawkyarkalay.blogspot.com

No comments:

Post a Comment