Tuesday, October 28, 2014

“ ငါ အိုသွားသော အခါ ” မိဘတွေကို စောင့်ရှောက်ခွင့်ရတဲ့ သူဖြစ်ခဲ့ရင် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။ သင် အိုသွားတဲ့အခါ စိတ်ချမ်းသာနိုင်ဖို့ သင့်သားသမီး တွေကို လမ်းပြပေးနိုင်ပါလိမ့်မယ်။ “ဆိုးတာလုပ်ရင် အဆိုးရပြီး ကောင်းတာလုပ်ရင် အကောင်းရတဲ့” လောက သဘာဝကို တို့တွေ သိထားပါတယ်.... ``ချည့်နဲ့ နဲ့ လက်တွေနဲ့  ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့ အခါ အင်္ကျီ ၊လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့ အခါ မရွံပါနဲ့ ၊ ငယ်ငယ်တုန်းက အမေ သုတ်သင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး ပြန်သတိရပေးပါ။ ``ပြောဖူးတဲ့  စကားတွေ ပြန်ပြောမိတဲ့ အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့တာတွေ သတိရပေးပါ။ ``မလှုပ်ရှားနိုင်လို့  ရေချိုးဖို့  အကူအညီ လိုတဲ့အခါ မငြိုငြင်ပါနဲ့ ။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ ဖူးတဲ့  ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။ ``ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေခဲ့တာကို သတိရပေးပါ။ ``စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ကူတွဲပေးကြပါ။လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။ ``တစ်နေ့ ထက်တစ်နေ့  အိုစာသွားတာကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။ အရန်တုန်းက သင့် ဘ၀သက်လမ်းအတွက် လမ်းညွန်ခဲ့ သလို အခုအချိန်မှာ သင့်မိဘ ဘ၀ နောက်ဆုံး အချိန်အတွက် ဖော်ပြုပေးပါ။ အိုမင်းသွား တဲ့ အခါမှာ တို့ တွေရဲ့ မိဘတွေ အရင်လို မဟုတ်တော့ဘူး။ နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချစ်ခြင်း မေတ္တာဖြင့် အေးမြတဲ့ အပြုံးတွေဟာ မိဘ မေတ္တာမှာသာ တွေ့ ရမှာပါ။ စာဖတ်သူများလည်း မိဘတွေကို ကျေးဇူးဆပ်နိုင်တဲ့ အလုပ်ကျွေးပြုနိုင်တဲ့ သားသမီးများ ဖြစ်နိုင်ကြပါစေ လို့  ဆန္ဒပြုလိုက်ပါတယ်။ #yangonlife #Knowledge #Lifestyle Credit to - Internet sources စုစည်းတင်ပြသူ - Lil
y

No comments:

Post a Comment