Friday, October 31, 2014
နေရဉ္ဇရာ လူငယ်ပျိုးခင်းသင်တန်းကျောင်း
နေရဉ္ဇရာ လူငယ်ပျိုးခင်းသင်တန်းကျောင်း
.............................................................
၆.၄.၂၀၁၄(တနင်္ဂနွေနေ့) ၊တွင် ကျွန်တော်တို့ ပရဟိတေသီ လူငယ်များမှ ကလေးမြို့ရှိ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန နေရဉ္ဇရာလူငယ်ပျိုးခင်းသင်တန်းကျောင်း တွင် ပြုစုပျိုးထောင်သင်ကြားပေးလျက်ရှိသော ( မိဘမဲ့ ၊ဆင်းရဲနွမ်းပါး) တိုင်းရင်းသားကျောင်းသားလူငယ်များအား နံနက်စာကျွေး၍ တခြားလိုအပ်သောပစ္စည်းများ လှူဒါန်းခဲ့ကြပါသည်။
www.kyawkyarkalay.blogspot.com
Thursday, October 30, 2014
ဝါဆိုသင်္ကန်းကပ်လှူ
၁၁.၇.၂၀၁၄(သောကြာနေ့) ဝါဆိုလပြည့်နေ့ မှာကျွန်တော်တို့ ပရဟိတေသီ လူငယ်များမှ ကလေးမြို့နယ်၊ အေးသာယာကျေးရွာ၊ သိရိရတနာဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း၊ဆွမ်း နှင့် သိမ်ကျောင်းဆောက်လုပ်ရန် အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။
ကျော်ကြား (www.kyawkyarkalay.blogspot.com)
ကျော်ကြား (www.kyawkyarkalay.blogspot.com)
ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်
ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်
ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။
ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်ပြော မှ ကျေနပ် ကြသည့် သက်ကြီးရွယ်အို များမှာ အသံ ကျယ်လောင် စွာ ဖုန်း ပြောခြင်း မှ ရှောင်ကြဉ်ရန် လိုအပ် ကြောင်း dv (decivel) ၁၀၀ နှင့် အ ထက် ကျော်လျှင် နားလေး၊ နားအူ၊ ထုံတတ်ကာ နားကို လျင်မြန်စွာ ထိ ခိုက်မှုဖြစ်စေ နိုင်ကြောင်း သိရသည်။
လူငယ် အများစုမှာ အမြဲတမ်း ဆူညံ နေသော ပတ်ဝန်းကျင် တွင် ကာလ အတန်ကြာ နေထိုင်ပြီး အလေ့ အကျင့် ရလာလျှင် သို့မဟုတ် ဆူညံ နေသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ခွင် တို့တွင် အလုပ်လုပ် နေချိန်၌ တ ဖြည်းဖြည်း နားလေး လာတတ်ကာ နှစ် အတန်ကြာမှသာ မိမိကိုယ် ကို နားလေးခြင်း ကို သိသည့် အတွက် ပြင်ဆင်ချိန် မရခြင်း၊ ထို့အပြင် နားအုံ၊ နားရင်းပြင်းပြင်း ထန်ထန် ရိုက်ခတ်မိ ပြီး အနာတရ ဖြစ်ခြင်း၊ နား အတွင်း အကြောင်း အမျိုးမျိုး ကြောင့် ကူး စက် ရောဂါပိုး ၀င် ရောက်ပြီး နား ရောင်ရမ်းခြင်း များဖြစ်ကြကြောင်း သိရသည်။
အဆိုပါ နားလေး၊ ထုံထိုင်း ရောဂါ မဖြစ် စေရန် ပုံမှန်ပြောနေ dv (decivel) ၆၀ နှုန်းဖြင့် နား ထောင်ကာ အလေ့အကျင့် လုပ်သင့် ကြောင်း၊ ထို့ပြင် ဖုန်းဖြင့် စကားပြော နေချိန်တွင် တစ်ဖက်မှ နားထောင် နိုင်စွမ်း ထက် ကျယ်သော အသံဖြင့် ပြောလျှင် နား အတွင်းပိုင်း ရှိ အာရုံခံ ဆဲလ်များ ကိုထိကာ ထုံထိုင်း တတ် ကြောင်း၊ ထိုသို့ ဖြစ်လာလျှင် တိတ် ဆိတ်ငြိမ်သက်သော နေရာများတွင် တစ်ရက်မှ နှစ်ရက် အထိ အနားယူ သင့်ကြောင်း၊ မသက်သာ လျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် များနှင့် အမြန်ဆုံး ပြသ ကာ ကာ ကုသမှု ခံယူ ရမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး မှ သိရသည်
Myawady Health's facebook wall မှကူးယူဖော်ပြသည်
Wednesday, October 29, 2014
ထူးထူးခြားခြားမှတ်သားစရာများ
ထူးထူးခြားခြားမှတ်သားစရာများ
======================
၁) ပန်းပွင့်တွေဟာ ဂီတသံတွေကြားရရင် ပိုပြီးမြန်မြန်ကြီးလာပါတယ်...
၂) အင်းဆက်ပိုးကောင်တွေကိုဖမ်းယူစားသောက်တဲ့ Venus fly trap အပင်တစ်ပင်ဟာ Cheeseburger တစ်လုံးကို တောင် အစာချေချက်နိုင်ပါတယ်...
၃) ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်ဟာ ၂ နှစ်ရှိပါတယ်...
၎) ငှက်ပျောသီးဟာ ရေဒီယိုသတ္တုကြွတဲ့ အသီးဖြစ်ပါတယ်...
၅) ခဲဖျက်တွေမပေါ်ခင်က ခဲတံနဲ့ ရေးသားထားတာတွေကို ဖျက်ဖို့ ပေါင်မုန့်ကို အသုံးပြုခဲ့ကြပါတယ်...
၆) အမျိုးသမီးတွေဟာ အမျိုးသားတွေထက်နှလုံးခုန်နှုန်းမြန်ပါတယ်...
၇) ငှက်ပျောသီးစားထားတဲ့သူတွေနားကို ခြင်တွေပိုလာပါတယ်...
၈) အနီရောင်ဟာ သင့်ကိုဆာလောင်စေပါတယ်...
၉) ကြွက်ကိုကလိထိုးရင် ကြွက်တွေရယ်ပါတယ်...
၁၀) ပျားထီးတွေဟာ မျိုးပွားပြီး (လိင်ဆက်ဆံပြီး) ရင် သေပါတယ်...
၁၁) ဂျွန်လင်နွန်ရဲ့ သက်ရှိထင်ရှားရိုက်ထားတဲ့ နောက်ဆုံး ဓာတ်ပုံဟာ သူ့ကိုသတ်ခဲ့တဲ့ Mark Chapman နဲ့အတူပါရှိတဲ့ပုံဖြစ်ပါတယ်...
၁၂) ဝက်တွေဟာ အရက်စွဲနိုင်ပါတယ်...
၁၃) ဆင်တွေဟာ သူတို့မိတ်ဆွေတွေသေဆုံးခဲ့တဲ့နေရာတွေကို ဝမ်းနည်းပူဆွေးငိုကြွေးဖို့ ပြန်သွားတတ်ပါတယ်...
၁၄) ပျားတွေရဲ့ အကြိုက်ဆုံးအရောင်က ခရမ်းရောင်ဖြစ်ပါတယ်...
၁၅) သစ်ကုလားအုတ်ရဲ့လျှာဟာ အမည်းရောင်ဖြစ်ပါတယ်...
၁၆) ဂျက်ကီချမ်းဟာ သူ့မိခင်ရဲ့ ဝမ်းဗိုက်ထဲမှာ ၁၂ လအထိ နေခဲ့ရပါတယ်...
၁၇) ကျီးကန်းတွေဟာ ငှက်တွေအားလုံးထဲမှာ ဥာဏ်ရည်အမြင့်ဆုံးဖြစ်ပါတယ်...
၁၈) ဧဝရတ်တောင်ထိပ်မှာ သေဆုံးခဲ့ရသူ အယောက် ၂၀ လောက်ရှိပါတယ်...
၁၉) ကမ္ဘာ့နာနတ်သီးထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ဟာဝိုင်အီကျွန်းက ထုတ်လုပ်ပါတယ်...
၂၀) ငှက်ပျောသီးဟာ ဘယ်ရီသီးအမျိုးအစားဖြစ်ပြီး စတော်ဘယ်ရီကတော့ ဘယ်ရီသီးမဟုတ်ပါဘူး...
၂၁) ဟစ်တလာကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် တစ်ကြိမ်အဆိုပြုခံရဖူးပါတယ်..
Credit to: အထွေထွေဗဟုသုတ
နည်းစနစ်ကျကျအတွေးအခေါ်

မိန်းကလေးတစ်ယောက်နဲ့ စတင်ဆုံတွေ့ချိန်မှာ အမျိုးသားတွေအနေနဲ့ သတိထားမိတတ်ကြတဲ့အရာများ
မိန်းကလေးတစ်ယောက်နဲ့ စတင်ဆုံတွေ့ချိန်မှာ အမျိုးသားတွေအနေနဲ့ သတိထားမိတတ်ကြတဲ့အရာများ
ယောင်္ကျားလေးတွေအနေနဲ့ မိန်းကလေးတစ်ယောက်နဲ့ စတင်မိတ်ဆက်၊ စကားပြောဆိုပြီး နှုတ်ဆက်ချိန်မှာ အဲ့ဒီမိန်းကလေးရဲ့ဘယ်လိုအရာတွေ သူတို့မှတ်မှတ်ထင်ထင် ရှိနေတတ်ကြပါသလဲ။ သတိထားမိတတ်ကြပါသလဲ။
၁။သူမရဲ့နှုတ်ခမ်း
မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ပါးစပ်ဟာ ယောင်္ကျားလေးတွေအတွက် ပထမဆုံးသတိပြုမိလေ့ရှိတဲ့အရာ ဖြစ်တတ်ပါတယ်။ စကားပြောပုံဆိုပေါက်ကို လေ့လာကြသလို သူမရဲ့ နှုတ်ခမ်းက နှစ်လိုဖွယ်ရှိရဲ့လားဆိုတာကိုပါ တစ်ချက်တည်း ကြည့်တတ်ကြပါတယ်။
၂။အရယ်၊ အပြုံး
ယောင်္ကျားလေးအများစုကတော့ စူပုပ်နေတဲ့ မိန်းကလေးတွေ၊ နှုတ်ခမ်းစေ့စေ့နဲ့ တည်တည်နေတတ်တဲ့ မိန်းကလေးမျိုးတွေထက် ပြုံးပြုံးရွှင်ရွှင်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ မိန်းကလေးတွေကို ပိုသတိထားမိတတ်ကြပါတယ်။ ကြားဖူးနားဝရှိဖူးမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ ရယ်မောလိုက်တဲ့အသံဟာ ယောင်္ကျားလေးတွေအတွက် ဆက်စီဖြစ်တယ်ဆိုတာမျိုးပေါ့။
၃။ရယ်စရာ၊ ဟာသစကားဆိုတတ်သူ
ယောင်္ကျားလေးတွေက မိန်းကလေးတွေနဲ့ ဆုံတဲ့အခါ ဟာသတွေပြောပြီး ရယ်မောစေတတ်ပါတယ်။ ဒါပေမယ့် အပြန်အလှန်သဘောမျိုးပါပဲ။ သူတို့လည်း မိန်းကလေးတွေ ပြောပြတဲ့ ဟာသတွေကို ကြားချင်ပါတယ်။ ရယ်မောချင်ကြပါတယ်။ မိန်းကလေးအများစုက ဒါကို ပေါတယ်၊ ဘာလို့လုပ်ရမှာလဲလို့ ရှောင်တတ်ကြပါတယ်။ အမှန်တော့ ယောင်္ကျားလေးတွေဟာ ဒီလိုဟာသပြောတတ်တဲ့၊ ဟာသဓာတ်ခံရှိတဲ့ မိန်းကလေးတွေကို ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်တတ်ကြတယ်ဆိုတာပါပဲ။
၎။မျက်လုံး
နှစ်ဦးသား စကားပြောတဲ့အခါ မျက်လုံးနှစ်စုံဟာ ဆက်နွယ်မှုတွေရှိနေပါတယ်။ ဒါ့အပြင် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမရှိဆိုတာလည်း အဲ့ဒီမျက်လုံးကို ကြည့်ရင် သိတာပါပဲ။ ဒီတော့ ယုံကြည်မှုရှိတဲ့ မိန်းကလေး ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို သူတို့က မျက်လုံးကို စိုက်ကြည့်ပြီး အကဲဖြတ်တတ်ကြပါတယ်။
၅။သင့်သူငယ်ချင်း
လူတစ်ယောက်ကို ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ သုံးသပ်ချင်ရင် သူ့အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေကို ကြည့်ရင်း ဆုံးဖြတ်နိုင်ပါတယ်တဲ့။ ဒီမိန်းကလေးက ဘယ်လိုစိတ်ထားရှိမလဲ၊ ဘယ်လိုအဆင့်အတန်းမျိုးလဲဆိုတာကိုလည်း အဲ့ဒီမိန်းကလေးရဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး သူတို့ သုံးသပ်တတ်ကြပါတယ်။
၆။ခန္ဓာကိုယ်အချိုးအစား
ယောင်္ကျားလေးတွေကတော့ ကိုယ်နဲ့စခင်တဲ့ ကောင်မလေးက ပိန်ပိန်သွယ်သွယ်လား၊ အကိတ်လား ဆိုတာ သတိထားလေ့၊ သတိပြုမိလေ့ရှိကြပါတယ်။
၇။ကိုယ်သင်းရနံ့
မိန်းကလေးအများစုဟာ ရေမွှေး၊ စပရေးစတာတွေကို ပုံမှန်သုံးလေ့ရှိကြပါတယ်။ လိုးရှင်းလိမ်းထားလို့ အနံ့သင်းသင်းလေး ဖြစ်နေတာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါကို ကိုယ်ကိုတိုင်သတိမထားမိပေမယ့် ကိုယ်နဲ့ စကားလက်ဆုံပြောဖူးတဲ့ ယောင်္ကျားလေးတွေကတော့ သတိထားမိတတ်ကြပါတယ်။
၈။သင့်ရဲ့စတိုင်လ်
ယောင်္ကျားလေးအများစုကတော့ သင်ဝတ်ထားတဲ့ အ၀တ်အစား brand ၊ တံဆိပ်ဟာ ဘာဆိုတာ သိချင်မှသိမှာပါ။ ဒါပေမယ့် သင့်စတိုင်လ်က မိန်းကလေးဆန်ဆန်နေတတ်တဲ့ ပုံစံလား၊ အရင်တုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင်မျိုးတွေ ပြန်ဝတ်တတ်တဲ့သူလား၊ ပန့်ခ်ဖက်ရှင်ကို ကြိုက်သူလား၊ လွတ်လွတ်လပ်လပ်လေးပဲ ၀တ်စားတတ်သူလား စသဖြင့် သူတို့ သုံးသပ်သတိထားမိလိုက်ကြပါပြီ။
၉။သင့်ဖိနပ် (ဒေါက်မြင့်ဖိနပ်)
ယောင်္ကျားလေးတွေဟာ သာမာန်ရိုးရိုးဖိနပ်အပါးစီးတဲ့သူ၊ sneaker ဖိနပ်စီးတဲ့သူတွေကို အထူးတလည် သတိထားပြောဆိုတာမျိုးမရှိပေမယ့် သင်က ခြောက်လက်မလောက်မြင့်တဲ့ ဒေါက်မြင့်ဖိနပ်ကိုစီးထားရင်တော့ သူတို့စိတ်ထဲ သင့်ကို အဲ့ဒီလို ဖိနပ်အမြင့်တွေနဲ့ပဲ တွဲသတိထားမိနေပါလိမ့်မယ်။
၁၀။သင့်ကိုယ်ကိုယုံကြည်မှုရှိမရှိ
ယောင်္ကျားလေးတွေဟာ အများအားဖြင့် ကိုယ်စကားပြောလိုက်တဲ့ မိန်းကလေးဟာ သူ့ကိုယ်သူ ယုံကြည်မှုရှိမရှိဆိုတာကို အဓိကထား သတိပြုနေတတ်ကြပါတယ်။ သူမပြောလိုက်တဲ့ စကားလုံး၊ အသံ၊ မျက်လုံးစတာတွေကို ပေါင်းစပ်သုံးသပ်ပြီး ဒီကောင်မလေးဟာ ဘယ်လိုဆိုပြီးတော့လည်း စိတ်ထဲက သုံးသပ်တာမျိုး ပြုလုပ်တတ်ကြပါတယ်။
Ref:cosmopolitan.com
GSM အင်တာနက်လိုင်းကို3Gပြောင်းနည်း
ကျွန်တော်တို့ ကလေးမှာ GSM ဖုန်းနဲ့ အင်တာနက်သုံးရတာ အဆင်မပြေဘူးဗျ။ အင်တာနက်ဖွင့်ရင်လိုင်းက တော်တော်နဲ့မတတ်ဘူး။ တတ်ပြန်တော့လဲလိုင်းကသိပ်အဆင်မပြေဘူးဗျ။ အဲဒီတော့လိုင်းကောင်းမယ်ထင်တဲ့ ညနက်တဲ့အချိန်တွေလို ၊မနက်(1) နာရီလောက် အိပ်ရေးပျက်ခံပြီးသုံးရတယ်။ အဲလိုမဖြစ်အောင် ကျွန်တော်သုံးနေတဲ့ နည်းလေးကို သူငယ်ချင်းတွေကိုမျှဝေချင်ပါတယ်။ အရင်ကထက်လိုင်းကောင်းမွန်တာကိုတွေ့ရလိမ့်မယ်၊ Download ဆွဲရတာလဲ အဆင်ပြေတယ်၊ YouTube ကဗွီယိုဖိုင်တွေတောင် ကြည်လိုရတယ်နော်။ နည်းလေးကတော့...ပထမဆုံး ဖုန်း settings ထဲကိုဝင်ပါ။ ပြီးရင် more... ဆိုတာကိုနှိပ်ပါ။ နောက် mobile network. ကိုနှိပ်ပါ။ ပြီးရင် Network Mode. ရွေးပါ။ ကဒ်ပုံသင်္ကေတနဲ့. MPT. ဆိုတာကိုထပ်နှိပ်ပါ။ပြီးရင်ု Network Mode ရဲ့အောက်မှာ GSM/WCDMA (auto only). WCDMA only. GSM only. ဆိုပြီးသုံးမျိုးပေါ်လာပါမယ်။ သုံးမျိုးထဲ့က WCDMA only ဆိုတာကိုရွေးလိုက်ပါ။ ခဏစောင်ပါ network ရှာနေပါတယ်။ တခါတလေနည်းနည်း ကြာတတ်ပါတယ်၊ စိတ်မပူပါနဲ့ ခဏနေရင် ဖုန်းရဲ့ဘားပေါ်မှာ 3Gဆိုပြီး ပေါ်လာပါမယ်။ ဒါဆိုရင်တော့ ok သွားပါပြီ။ ဖွင့်ကြည်လိုက်ပါ အရင်ကထက် လိုင်းတတ်တာမြန်လာပါမယ် ၊လိုင်းလဲကောင်းလာတာတွေရပါမယ်။ အခုကျွန်တော်ပြောတဲ့နည်းကို တခြားသူငယ်ချင်းတွေလည်း သိရှိကြပြီးဖြစ်လိမ်မယ်၊ မသိသေးတယ်သူငယ်ချင်းတွေကို ပြန်မျှဝေပေးတာပါ။ အရင်ကအင်တာနက်ဖွင့်ရင် E ဆိုတဲ့သင်္ကေတာပေါ်ပါတယ်၊ 3G ပြောင်းပြီးတဲ့နောက်မှာ H+ ဆိုပြီးပေါ်ပါမယ်။ သူငယ်ချင်းအားလုံးအဆင်ပြေပါစေ။။ ။
းးးးးမှတ်ချက်တခါတလေ3Gလိုင်းပျောက်တတ်ပါတယ်။
တမူးတို့၊ကလေးဝတို့တွင် 3 G လိုင်းပျောက်ရင် အထက်ပါ ပြောခဲ့တဲ့အတိုင်း Network Mode မှာ GSM/WCDMA (auto only) ကိုပြန်ပြောင်းပါ လိုင်းပြန်ပေါ်လာပါမယ်။
းးးးးမှတ်ချက်တခါတလေ3Gလိုင်းပျောက်တတ်ပါတယ်။
တမူးတို့၊ကလေးဝတို့တွင် 3 G လိုင်းပျောက်ရင် အထက်ပါ ပြောခဲ့တဲ့အတိုင်း Network Mode မှာ GSM/WCDMA (auto only) ကိုပြန်ပြောင်းပါ လိုင်းပြန်ပေါ်လာပါမယ်။
Tuesday, October 28, 2014
“ ငါ အိုသွားသော အခါ ” မိဘတွေကို စောင့်ရှောက်ခွင့်ရတဲ့ သူဖြစ်ခဲ့ရင် အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။ သင် အိုသွားတဲ့အခါ စိတ်ချမ်းသာနိုင်ဖို့ သင့်သားသမီး တွေကို လမ်းပြပေးနိုင်ပါလိမ့်မယ်။ “ဆိုးတာလုပ်ရင် အဆိုးရပြီး ကောင်းတာလုပ်ရင် အကောင်းရတဲ့” လောက သဘာဝကို တို့တွေ သိထားပါတယ်.... ``ချည့်နဲ့ နဲ့ လက်တွေနဲ့  ထမင်းဟင်းတွေ အင်္ကျီပေါ်ဖိတ်စင်သွားတဲ့ အခါ အင်္ကျီ ၊လုံချည် ဖိုသီဖတ်သီဖြစ်နေတဲ့ အခါ မရွံပါနဲ့ ၊ ငယ်ငယ်တုန်းက အမေ သုတ်သင်ပေးခဲ့ တာတွေကို ကျေးဇူးပြုပြီး ပြန်သတိရပေးပါ။ ``ပြောဖူးတဲ့  စကားတွေ ပြန်ပြောမိတဲ့ အခါ စကားမဖြတ်ဘဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေ၊ ငါးရာ့ငါးဆယ်နိပါတ်တော်တွေကို မရိုးအောင်ပြောရင်း ချော့သိပ်ခဲ့တာတွေ သတိရပေးပါ။ ``မလှုပ်ရှားနိုင်လို့  ရေချိုးဖို့  အကူအညီ လိုတဲ့အခါ မငြိုငြင်ပါနဲ့ ။ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်လှည့် ရေချိုးပေးခဲ့ ဖူးတဲ့  ပုံရိပ်လေးတွေကို မြင်ယောင်ပေးပါ။ ``ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ ရင် မလှောင်ပါနဲ့ ။ ငယ်ငယ်တုန်းက ဘာကြောင့်ဆိုတဲ့မေးခွန်းတိုင်းကို စိတ်ရှည်စွာ ပြန်ဖြေခဲ့တာကို သတိရပေးပါ။ ``စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့ အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့  ကူတွဲပေးကြပါ။လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လမ်းလျှောက် လေ့ကျင့်ပေးခဲ့တာတွေကို သတိရပေးပါ။ ``တစ်နေ့ ထက်တစ်နေ့  အိုစာသွားတာကို ကြည့်ပြီး ၀မ်းမနည်းပါနဲ့ ။ နားလည်ပေးပါ။ အားပေးပါ။ အရန်တုန်းက သင့် ဘ၀သက်လမ်းအတွက် လမ်းညွန်ခဲ့ သလို အခုအချိန်မှာ သင့်မိဘ ဘ၀ နောက်ဆုံး အချိန်အတွက် ဖော်ပြုပေးပါ။ အိုမင်းသွား တဲ့ အခါမှာ တို့ တွေရဲ့ မိဘတွေ အရင်လို မဟုတ်တော့ဘူး။ နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။ ချစ်ခြင်း မေတ္တာဖြင့် အေးမြတဲ့ အပြုံးတွေဟာ မိဘ မေတ္တာမှာသာ တွေ့ ရမှာပါ။ စာဖတ်သူများလည်း မိဘတွေကို ကျေးဇူးဆပ်နိုင်တဲ့ အလုပ်ကျွေးပြုနိုင်တဲ့ သားသမီးများ ဖြစ်နိုင်ကြပါစေ လို့  ဆန္ဒပြုလိုက်ပါတယ်။ #yangonlife #Knowledge #Lifestyle Credit to - Internet sources စုစည်းတင်ပြသူ - Lil
y
y
Sunday, October 26, 2014
ကထိန်နေ့
၂၆ .၁၀.၂၀၁၄ ရက် တနင်္ဂနွေနေ့၊ ကျွန်တော်တို့ ပရဟိတေသီ လူငယ်များ၏ ပထမဆုံးအကြိမ် ကထိန်ပွဲ အမှတ်တရ ဓာတ်ပုံတွေပါ။
Saturday, October 25, 2014
ကထိန်ပွဲ
မနက်ဖြန်(၂၆.၁၀.၂၀၁၄)ရက် တနင်္ဂနွေနေ့မှာတော့ ကျွန်တော်တို့ ပရဟိတေသီ လူငယ်များရဲ့ ကထိန်ပွဲကြီးကျင်းပါတော့မှာပါ။ကထိန်ခင်းတဲ့ဘုန်းကြီးကျောင်းကတော့ ကလေးမြို့၊ပြင်သာကျေးရွာ၊သုခကာရီဘုန်းတော်ကြီးကျောင်းပါ။ အခုလို ကထိန်ပွဲကြီးဖြစ်မြောက်အောင် ဆောင်ရွတ်ကြတဲ့ အဖွဲ့ဝင်သူငယ်ချင်းများနှင့် အခြားသောသူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်လည်းအခုလို အားလုံးစုပေါင်းဆောင်ရွတ်ကြပါစို့လို့ ဆန္ဒပြုပါတယ်။ အားလုံးပျော်ရွှင်ပါစေ......
Friday, October 24, 2014
သူငယ်ချင်းကောင်းလက္ခဏာ(၅)ပါး
သူငယ်ချင်းကောင်းလက္ခဏာ (၅)ပါး
========================
( ၁ ) ကိုယ့်သူငယ်ချင်းတွေကို တတ်နိုင်တာ ပေးကမ်းဝေငှ သုံးစွဲစေခြင်း။
(၂ ) ဆင်းရဲလည်းအတူတူ ချမ်းသာလည်းအတူတူ တန်းတူဆက်ဆံစေခြင်း။
(၃ ) ကိုယ့်သူငယ်ချင်းရဲ့ အကျိုးကို လိုလိုလားလား ဆောင်ရွက်ပေးခြင်း။
(၄ ) စကားပြောတဲ့အခါ ချိုချိုသာသာ ပြောဆိုဆက်ဆံခြင်း။
(၅ ) ကိုယ့်သူငယ်ချင်း အပေါ်မှာ ဂတိသစ္စာရှိခြင်း။
သူငယ်ချင်း ကောင်းဆိုရင် ဒီ ကျင့်ဝတ်(၅)ပါး နဲ့ ပြည့်စုံရမယ်။
သူငယ်ချင်းယုတ်ရဲ့ လက္ခဏာ (၄) မျိုး
( ၁ ) ကိုယ့်သူငယ်ချင်းကို ဘာမှမပေးဘဲ ကိုယ်ကသာယူဖို့သိတဲ့သူငယ်ချင်း၊
( ၂ ) အပြောသာကောင်းပြီး လက်တွေ့ မပါတဲ့ သူငယ်ချင်း၊
( ၃ )တစ်ဘက်သား အကြိုက်ကို လိုက်ပြောပြီး ပေါင်းတတ်တဲ့ သူငယ်ချင်း၊
( ၄ ) ပျက်ဆီးရာပျက်ဆီးကြောင်းတွေပဲပြောပြီး ဆွဲဆောင်တတ်တဲ့သူငယ်ချင်း၊
ဒီ လေးမျိုးကတော့ တစ်သက်လုံး ရှောင်ကြဉ်ရမည့် သူငယ်ချင်းယုတ်တွေပဲ ဖြစ်ပါတယ်
Myanmar Forward's Facebook Wall မှကူးယူဖော်ပြသည်။

ပရဟိတေသီ လူငယ်များအလှူ ပါ
ကလေးမြို့ တွင်း မြို့ နားနီးဝန်းချင်က သက်ကြီးအဘိုး၊အဘွား စုစုပေါင်း(၂၁)ဦး တို့ကို (၁၂.၁.၂၀၁၄) တနင်္ဂနွေနေ့ ကအိမ်တိုင်ရောက် သွားရောက်လှူ ဒါန်းခဲ့ပါတယ်။
ပရဟိတေသီလူငယ်များ
ကျွန်တော်တို့ ပရဟိတေသီ လူငယ်အဖွဲ့ကို (၁.၁၁.၂၀၁၃)ရက်နေ့မှာစတင် ဖွဲ့စည်းခဲ့ပါတယ်။
ကျွန်တော်တို့ရဲ့ဆောင်ရွတ်တဲ့ပုံစံကတော့ အဖွဲ့ဝင်သူငယ်ချင်း တစ်ယောက်ကို လစဉ်ငွေ(၁၀၀၀)ကျပ် အလှူငွေကောက်ခံပါတယ်။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့မြို့အနီးနားက မပြည့်စုံတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ၊ မိဘမဲ့ဂေဟာတွေ၊လူငယ်ဖွံ့ဖြိုးရေးကျောင်းတွေ၊သက်ကြီးဘိုးဘွားတွေနဲ့ အခြားခြားသောလိုအပ်မဲ့ နေရာတွေမှာလှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေဖြစ်ပါတယ်။ လုပ်ဆောင်ပုံကတော့ ကျွန်တော်တို့လစဉ် ကောက်ခံရရှိတဲ့အလှူငွေတွေကို လှူဒါန်းမဲ့နေရာကိုလိုက်ပြီး (၁ )လ သို့မဟုတ် (၂) လစုပေါင်း၍လှူဒါန်းပါမည်။ သူငယ်ချင်းအားလုံးကိုပါဝင်ဖို့ဖိတ်ခေါ်ပါတယ်။

Subscribe to:
Comments (Atom)