Sunday, January 11, 2015

မိန်းက​လေး​တွေအတွက်​ဖူးစာဖက်​​ရွေးနည်း

(မိန်းကလေးများအတွက် သီးသန့်ဗေဒင်)
စစ်မှန်တဲ့ လက်တွဲဖေါ်ကို ရှာဖွေနိုင်ပါစေနော်
-------------------------------------------
မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။ မိန်းခလေးတွေအတွက်သီးသန့်ပါ။
အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ ..တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နေ...
အဆင့်(၁)
ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ်
ဗျည်း ကိုသာယူပါတယ်..။
အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇
ဥပမာ ကို အောင်ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
= ၁ + ၂+ ၇
=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။
အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။
မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇
ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူအသက်=၂၅
ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာ နံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့
အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။
အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။
အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ
မစဉ်းစားသေးဘူးနော်။လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ
မရှိသေးဘူး။သူ့မှာ ဖြေရှင်းစရာ။ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ)နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့
တော့ကောင်းပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို
သတိရပါ..။
အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။သူတကယ်ကို့ကိုချစ်နေတာ။သနားဖို့ကောင်း
ပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။တခုတော့ရှိတယ်နော်။သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။
ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။
အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့..။
မျက်နှာများတဲ့သူပဲ။ကို့ကိုသဘောကျတွဲချင်တာ ပဲ ရှိပါတယ်။လေးလေးနက်နက်ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင်
မသိ။ကိုက လက်ခံမိရင် ကို့အပြင်သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။
အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ကို့ကိုမြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။
ဒီမေတ္တာစကားပြောဖို့တောင်တော်တော်အရှိန်ယူ ရပုံပဲ။ကို့အပေါ်သူတတ်အားသလောက်တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။
သဘောကျရင်စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။သူ့ဝန်းကျင် အသိုင်းအ၀န်း။သူ့အနေအထားတွေကိုမိန်းကလေးပီပီထည့်တွက်ပေး
မယ်။အချစ်ဘက်ကတော့အမှတ်ပြည့်တကယ်ပေးထားတယ်။ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင်
သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ.
လက်ခံလို့ရတယ်။သူဘက်ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။
အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။တခါတလေကို့ကိုချစ်လိုက်။တစ်ခါတလေ
ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။တခါလောက်ပြောပြီး ကိုက မူပြီးအချိန်
ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာမဟုတ်ဘူး။သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနလုံးရော
ရှိရဲ့လား..။ဆိုတာကိုလေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။တွေးကြည့်ပေါ့။ငြင်းစရာမှိလောက်အောင်ပြည့်စုံလို့
လက်ခံမယ် ။ကိုကချစ်သာနေပြီးမဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့အချိန်လေးယူပါအုံး..။
အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှတည်တည်ငြိမ်
ြိငိမ်ဖြစ်မှာ။အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့အချစ်စစ်။တကယ်လက်ထပ်သင့်တဲ့သူပေါ့။
သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ရေရှည်တည်မြဲပါတယ်။ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ
စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။။။
အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ
ကို့ပါဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ရှေးစကားနဲ့ပြောတာမှတ်မိသေးတယ်
ဒူးနဲ့မျက်ရေသုတ်နေရမယ်။သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..
တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။
ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီးပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာ
ဘယ်နာမည်မျိုးနဲကလူက အချစ်စစ်ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီးတွက်ကြည့်ပေါ့နော့်..။
ပျိုမေတို့သိစေဖို့


Posted via Blogaway

Sunday, November 9, 2014

ခြင်၊ယင်၊ပုရွတ်ဆိတ်တို့ကို အိမ်ပေါ်ကဘယ်လိုမောင်းထုတ်မလဲ

ခြင်၊ယင်၊ပုရွတ်ဆိတ်တို့ကို အိမ်ပေါ်ကဘယ်လိုမောင်းထုတ်မလဲ

ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ် စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆိုရင်ဆေးနံ့
ကအိမ်ထဲမှာစွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့
ကျန်းမာရေးကိုထိခိုက်စေပါတယ်။ဒါကြောင့်သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကိုသဘာဝ
နည်းအတိုင်းဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။


Boric Acid

ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူးလိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီး
သူတို့သေသွားပါလိမ့်မယ်။

ပင်စိမ်းရွက်

ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါး
ပေါက်မှာချိတ်ဆွဲထားလိုက်ရင်ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။

ကြက်သွန်ဖြူ
ပုရွက်ဆိတ် နဲ့ပိုးဟပ်ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန်ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေအနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွား
ပါက အသစ်ပြန်လဲပေးပါ။

ရှာလကာရည်
ရှာလကာရည်ဟာအင်းဆက်ပိုးကောင်တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အ
တွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက်အန္တရာယ်
ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။

ငရုတ်သီးမှုန့်
အိမ်တွင်းမှာစိုက်တဲ့အပင်တွေကိုဒုက္ခပေးတဲ့အင်ဆက်ပိုးကောင်တွေကိုငရုတ်
သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ငရုတ်သီးမှုန့်နဲ့ဆပ်ပြာ
ရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုး
ကောင်များကိုသေစေနိုင်ပါတယ်။

သံပုရာခွံ၊လိမ္မ်ာခွံ၊ရှောက်သီးခွံ
ထိုအခွံများဟာအင်းဆက်ပိုးများအထူးသဖြင့်ပင့်ကူများကိုထွက်ပြေးစေပါတယ်။ပင့်ကူတွေအိမ်လာ
စောက်တတ်တဲ့နေရာမှာ ထိုအခွံကို သွားထားလိုက်ပါ။ ကျန်တာထိုအခွံကကြည့်လုပ် ပါလိမ့်မယ်။ စီးထရက်သီးတွေကိုမုန်းတဲ့ အင်းဆက်ပိုးများ သင့်အိမ်ပေါ်ကဆင်းသွားပါလိမ့်မယ်။

Credit to Health Digest
မောင်စိုင်း


တကယ်ပဲမလိုဘူးလား မျိုးစောင့်ဥပဒေ

တကယ်ပဲ မလိုဘူးလား မျိုးစောင့်ဥပဒေ
....................................................
ဦးနုလက်ထက်တော့မမီလို့ မသိဘူးပေါ့နော်။ ဦးနေ၀င်းလက်ထက်မှာတော့ မူလတန်း (၁၉၇၉-၈၄)
တွေမှာမနက်ကျောင်းတက်ခါနီး နိုင်ငံတော်သီချင်းဆို၊ နိုင်ငံတော်အလံကိုအလေးပြု။ ကျောင်းတက်ခေါင်း
လောင်းထိုးပြီး အတန်းထဲဝင်တာနဲ့ ဘုရားရှိခိုးရတယ် (ကိုယ့်အတန်းထဲမှာ၊ ကိုယ်ကတိုင်ပေးသူ)။ ၃၈ဖြာမင်္ဂလာ ဗုဒ္ဓ၀င် တွေအားလုံးသင်ခဲ့ရတာပဲ။ ဘယ်တုန်းကကျောင်းမှာဘုရားရှိခိုးတဲ့ အလေ့ပျောက်သွားလဲမသိဘူး။ (၈၈ နောက်ပိုင်းမှလားမသိဘူး???)။ ၃၈ဖြာမင်္ဂလာဆိုတဲ့ အဆုံးအမတွေ က ဘယ်ဘာသာဝင်မဆို လိုက်နာလို့ ရတဲ့ လောက နီတိတွေပါပဲ။ ဒါတွေသင်ကြားလို့ ဆိုးကျိုးမဖြစ်ပါဘူး။ ကောင်းကျိုးပဲဖြစ်စေမှာပါ။ ဘာကကောင်းတယ်၊ ဘာကမကောင်းဘူး။ မကောင်းတာ မလုပ်ဖို့  (အခြေခံအားဖြင့် သူများပစ္စည်းမခိုးဖို့ ၊ သူ့ အသက်မသတ်ဖို့ ၊ သူများ သား၊မယား မကျူးးလွန်ဖို့ ) တားမြစ်တယ်။ (အကြောက်တရားနဲ့ မဟုတ်ဘူးနော်၊ ဥပမာ သူများပစ္စည်းခိုးရင်လက်ဖြတ်မယ်? ဘာညာ ဒါမျိုး တားတာမဟုတ်ဘူး) ။ 

ဒီနီတိတွေသာ လူတွေလိုက်နာရင် ဥပဒေတွေဆိုတာမလိုဘူး။ သို့ သော်လည်းပဲ မလိုက်နာတဲ့လူတွေ ရှိနေတဲ့ အတွက် ဥပဒေတွေကတော့ ရှိနေရဦးမှာပဲ။ မရှိသေးရင်လည်း ပြဌာန်းရမှာပါ။ တစ်ချို့ ဥပဒေ တွေ က ကိုယ့်အတွက်၊ ကိုယ့်အနားနီး ပတ်ဝန်းကျင်အတွက် မလိုအပ်ပေမယ့် လိုအပ်တဲ့သူတွေ ရှိနေမယ်ဆိုတာလည်း ထည့်စဉ်းစားပေးရပါမယ်။ ဥပမာ- ကလေး သက်ငယ် မုဒိမ်းမှု ကိုသေဒဏ်ပေးတဲ့ ဥပဒေ ကပြဌာန်းဖို့  ကို ထောက်ခံတယ်။ လူမဆန်တဲ့သူတွေ ကိုဘာထောက်ထားနေစရာလိုမလဲ။ ဥပဒေ ကိုကြောက်ရင်၊ သေမှာကြောက်ရင် ကိုယ့်အသက် ကိုယ်နှမြောရင် တင်္ဒဂ သာယာမှု အတွက် (သူတပါး အရွယ်မရောက်သေးတဲ့ ကလေးသူငယ်ဘ၀ပျက်စီးအောင်) မကျူးလွန်နဲ့ ပေါ့။ ကိုယ်ချင်းစာစိတ်ဆိုတာ အဲနေရာမှာထားရမှာ။ (လီဆယ်တိုင်ကြားတာမျိုး၊ မှားယွင်း အပြစ်ပေးတာမျိုး မဖြစ်အောင်တော့ သေချာစစ်ဆေးရမှာပါ)။

ဒီလိုပဲ အမျိုးစောင့်ဥပဒေ (ဒီနာမည်ကြီးကြောင့်ကို လူတွေကန့် ကွက်နေကြတာ) လိုအပ်တယ်။

ဗုဒ္ဓဘာသာမိန်းကလေးတွေ ကို ဘာသာခြားနဲ့ လက်မထပ်နဲ့ လို့ တားမြစ်တာမဟုတ်။
ဘာသာခြားမှ ကြိုက်လွန်းလှချည်ရဲ့ဆိုလည်းယူပါ။ ရွေးစရာကတော့ ၂ လမ်းပဲရှိတယ်။ 
သူ့ ဘာသာထဲကိုယ်ဝင်မလား၊ ကိုယ့်ဘာသာထဲသူဝင်မလားပဲ။
(သူကြိုက်တာကိုးကွယ် ကိုယ်ကြိုက်တာကိုးကွယ်မယ်လို့ အစကတော့ပြောကြတာပေါ့လေ။)
တကယ်လက်တွေ့ မှာတော့ အဲဒီလို မဖြစ်ပါဘူး။ ဘာလို့ ဆိုအဲဒီဘာသာတွေ မှာ ပြဌာန်းထားတာက သူတို့ ဘာသာဝင်ချင်း လက်ထပ်မှ တရားဝင် ထိမ်းမြားမှုမြောက်သတဲ့။
ခရစ်ယာန်ဆို church မှာ father ရှေ့မှာ လက်ထပ်မှတရားဝင်၊ အစ္စလာမ်ဆို နေကာဖတ်မှ၊ ဟိန္ဒူဆိုလည်း သူတို့ ဓလေ့ထုံးတမ်းအတိုင်းလက်ထပ်မှ တရားဝင်သတဲ့။

ကောင်းပါပြီ ကိုယ့် အိမ်ထောင်ဘက်လောင်း က ခေတ်ပညာတတ်မို့ ဒါမျိုးတွေ လက်မခံဘူးရုံးတက်လက်မှတ်ထိုးမယ်။ ဒါလည်းရတာပဲ ဒါပေမယ့် ဆွေမျိုးအသိုင်းအ၀ိုင်းဆိုတာက ရှိသေးတယ်။ မတူတဲ့အသိုင်းအ၀ိုင်း၂ ခု စလုံးနဲ့ မပတ်သက်ပဲ ၂ ယောက်တည်းသီးခြား
စီနေမယ် ဆိုတာလက်တွေ့ မှာ မဖြစ်နိုင်ပါဘူး။ (နိုင်ငံခြားမှာအခြေချရင်တော့မသိဘူးပေါ့)။ ပြသနာက ကလေးမွေးရင်စလိမ့်မယ်။

ပြောချင်တာက ဗုဒ္ဓဘာသာ မိန်းကလေးကို လက်ထက်မယ့်သူဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမယ်ဆိုတဲ့အချက် ဟာ ဘာများ လွဲနေလို့ လဲ။ 
(ဗုဒ္ဓဘာသာဝင်မိန်းကလေးက တခြားဘာသာကို သက်ဝင်လို့ ပြောင်းချင်လည်းဘယ်သူမှမတား)။
မိန်းကလေးတွေဟာ ကိုယ့်ချစ်သူ ယောက်ျားလေး ကို အချစ်စမ်း ချင်ရင် မဖြစ်နိုင်တာတွေ လုပ်ခိုင်းကြည့်တတ်ကြတယ်မဟုတ်လား။ ဓူဝံကြယ်ကို ဆွတ်ခိုင်းတာတို့ ၊ သမုဒ္ဒရာ လက်ပစ်ကူးခိုင်းတာတို့ ဘာတို့။

ကျမကိုချစ်ရင် ကျမ ဘာသာထဲဝင်ပါလားလို့ အချစ်စမ်းကြည့်ပါလား။ (ဒါမဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ဘူးနော်)။ ကိုယ့်ကိုယ်တကယ်ချစ်လားမချစ်လား သိရတာပေါ့။

အချစ်စမ်းဖို့ ကို ပြောတောင်မကြည့်ရသေးဘဲနဲ့  ဒီဥပဒေကို ကန့် ကွက်နေတဲ့ မိန်းမတွေ တော်တော်မိန်းမဈေးကျလိုက်တာ။ ဟန်တောင်မဆောင်နိုင် ရရာဆွဲချင်တဲ့ပုံနဲ့ ။

ကဲဒီဥပဒေရှိပြီ။ ကိုယ်က ဘာသာခြားနဲ့ကြိုက်မိပြီ။ ယူမယ်ဆိုပါစို့ ။ သူကလည်းကိုယ့်ဘာသာထဲကို မ၀င်နိုင်၊ ကိုယ်လည်းသူ့ ဘာသာထဲမ၀င်နိုင်။
ရုံးတက် လက်မှတ်ထိုးထိုး၊ ဒါမှ မဟုတ်လည်း အသိသက်သေတွေ ရှေ့ မှာလက်မှတ်ထိုးထိုး။ ၂ ယောက်သား ကျေနပ်လို့ living together ပဲနေနေ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူးပေါ့။

အဲလိုနေရဲ့သားနဲ့ မှာ ယောကျာ်းဘက်က ဖောက်လွဲဖောက်ပြန်လုပ်လို့ ဖြစ်စေ၊ ကိုယ့်ကို သူ့ ဘာသာထဲအတင်းဝင်ခိုင်းလို့ ဖြစ်စေ၊ ကိုယ့်သားသမီး ကို သူ့ ဘာသာထဲ ၀င်ခိုင်းလို့ ဖြစ်စေ ဖြစ်လာခဲ့ရင် ဒီဥပဒေ အတိုင်းသာဆို မိန်းကလေးဘက်ကအသာရမှာပါ။ 
ဒီဥပဒေသာရှိနေခဲ့မယ်ဆိုရင် ယောက်ျား ကိုယ့်ကို မလှန်ရဲဘူး။ အချိန်မရွေးထောင်ထဲထည့်ပြီး သူ့ ဥစ္စာတွေ သိမ်းလို့ ရနေတဲ့ ဟာကို။

အဲ့တာကို ကန့် ကွက်နေတဲ့ မိန်းမတွေ တော်တော်ယောကျာ်းရှားသလားမသိ။ ။ ယောက်ျားမရမှာ
တော်တော်ကြောက်နေပုံပဲ။

ကိုယ့် အပေါက် ကိုယ်စောင့်နိုင်တယ် တံခါးမရှိ၊ ဓားမရှိ ကလောဟိဆိုတဲ့သူတွေ အတွက်တော့ မလိုဘူးပေါ့။


မုဒိမ်းကျင့်ခံလိုက်ရလို့ တစ်ရှက်က နှစ်ရှက်ဖြစ်မှာစိုးလို့ ယူလိုက်၊ သူ့ ဘာသာ ၀င်လိုက် ရတဲ့ သူတွေ၊ လိမ်ညာပြီးယူလို့  ယူပြီးနောက်သိလို့  တလင်မကွာချင်တော့လို့ ကြိတ်မှိတ် ဘာသာ ပြောင်းလိုက်ရသူတွေ၊ သားသမီးတွေမွေးလာတော့ သားသမီးတွေ တရားဝင်ဖြစ်အောင်လို့ ဘာသာပြောင်းလိုက်ရတဲ့သူတွေ၊
ငွေနဲ့ ပေါက်ယူပြီး အဓ္ဓမ ဘာသာပြောင်းခံရတဲ့သူတွေ ဒီလို ဒီလို ရိုးသားတဲ့ ဗုဒ္ဓဘာသာဝင်မိန်းကလေးတွေ အတွက် ဒီ ဥပဒေ ဟာ လိုကို လိုအပ်ပါတယ်။

Oppositeyes:blogs မှကူးယူဖော်ပြသည်။

kyawkyarkalay.blogspot.com


Saturday, November 1, 2014

ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု 




ကိုယ့်ဆီကနေ အပြီးဖျောက်ဖျက်သင့်တဲ့အကျင့် ၃ ခု

၁ ။ တစ်ခုခု ဖြစ်လာတဲ့အခါတိုင်း ကိုယ့်အပြစ်မဟုတ် သူတစ်ပါးကို အမြဲ လက်ညှိုးထိုးလွှဲချတတ်သော အကျင့်

၂ ။ ပြဿနာတစ်ခုခုကြုံလာတဲ့အခါ တစ်ပါးသူတွေ ဒုက္ခရောက်ရင်ရောက်ပါစေ ကိုယ်ဒုက္ခမရောက်ရင်ပြီးရော ကိုယ်လွတ်ရုန်းပြေးတတ်သော အကျင့်

၃ ။ ကိုယ်သာရင်ပြီးရော သူတစ်ပါးနာရင်နာပါစေ
ကိုယ်အဆင်ပြေရင်ပြီးရော သူတစ်ပါးအဆင်မပြေရင်မပြေပါစေ
အမြဲကိုယ့်ဖို့ ကြည့်တတ်သောအကျင့်

ထိုအကျင့် ၃ မျိုးကို ပိုင်ဆိုင်သော လူများအား ဝေးဝေးရှောင်ပါလေ မိတ်ဆွေ
ကိုယ့်မှာ ရှိနေခဲ့ရင်လည်း အမြန်ဖျောက်ဖို့ ကြိုးစားပါလေ ။


သက်တန့်ချို's Facebook Wallမှကူးယူဝေမျှသည်။

www.kyawkyarkalay.blogspot.com


Friday, October 31, 2014

 နေရဉ္ဇရာ လူငယ်ပျိုးခင်းသင်တန်းကျောင်း


 နေရဉ္ဇရာ လူငယ်ပျိုးခင်းသင်တန်းကျောင်း
 .............................................................

 ၆.၄.၂၀၁၄(တနင်္ဂနွေနေ့) ၊တွင် ကျွန်တော်တို့ ပရဟိတေသီ လူငယ်များမှ ကလေးမြို့ရှိ သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန နေရဉ္ဇရာလူငယ်ပျိုးခင်းသင်တန်းကျောင်း တွင် ပြုစုပျိုးထောင်သင်ကြားပေးလျက်ရှိသော ( မိဘမဲ့ ၊ဆင်းရဲနွမ်းပါး) တိုင်းရင်းသားကျောင်းသားလူငယ်များအား နံနက်စာကျွေး၍ တခြားလိုအပ်သောပစ္စည်းများ လှူဒါန်းခဲ့ကြပါသည်။

www.kyawkyarkalay.blogspot.com





Thursday, October 30, 2014

ဝါဆိုသင်္ကန်းကပ်လှူ

၁၁.၇.၂၀၁၄(သောကြာနေ့) ဝါဆိုလပြည့်နေ့ မှာကျွန်တော်တို့ ပရဟိတေသီ လူငယ်များမှ ကလေးမြို့နယ်၊ အေးသာယာကျေးရွာ၊ သိရိရတနာဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်း၊ဆွမ်း နှင့် သိမ်ကျောင်းဆောက်လုပ်ရန် အလှူငွေများ လှူဒါန်းခဲ့ကြပါသည်။

ကျော်ကြား (www.kyawkyarkalay.blogspot.com)






ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်


ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။

ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်ပြော မှ ကျေနပ် ကြသည့် သက်ကြီးရွယ်အို များမှာ အသံ ကျယ်လောင် စွာ ဖုန်း ပြောခြင်း မှ ရှောင်ကြဉ်ရန် လိုအပ် ကြောင်း dv (decivel) ၁၀၀ နှင့် အ ထက် ကျော်လျှင် နားလေး၊ နားအူ၊ ထုံတတ်ကာ နားကို လျင်မြန်စွာ ထိ ခိုက်မှုဖြစ်စေ နိုင်ကြောင်း သိရသည်။

လူငယ် အများစုမှာ အမြဲတမ်း ဆူညံ နေသော ပတ်ဝန်းကျင် တွင် ကာလ အတန်ကြာ နေထိုင်ပြီး အလေ့ အကျင့် ရလာလျှင် သို့မဟုတ် ဆူညံ နေသော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ခွင် တို့တွင် အလုပ်လုပ် နေချိန်၌ တ ဖြည်းဖြည်း နားလေး လာတတ်ကာ နှစ် အတန်ကြာမှသာ မိမိကိုယ် ကို နားလေးခြင်း ကို သိသည့် အတွက် ပြင်ဆင်ချိန် မရခြင်း၊ ထို့အပြင် နားအုံ၊ နားရင်းပြင်းပြင်း ထန်ထန် ရိုက်ခတ်မိ ပြီး အနာတရ ဖြစ်ခြင်း၊ နား အတွင်း အကြောင်း အမျိုးမျိုး ကြောင့် ကူး စက် ရောဂါပိုး ၀င် ရောက်ပြီး နား ရောင်ရမ်းခြင်း များဖြစ်ကြကြောင်း သိရသည်။

အဆိုပါ နားလေး၊ ထုံထိုင်း ရောဂါ မဖြစ် စေရန် ပုံမှန်ပြောနေ dv (decivel) ၆၀ နှုန်းဖြင့် နား ထောင်ကာ အလေ့အကျင့် လုပ်သင့် ကြောင်း၊ ထို့ပြင် ဖုန်းဖြင့် စကားပြော နေချိန်တွင် တစ်ဖက်မှ နားထောင် နိုင်စွမ်း ထက် ကျယ်သော အသံဖြင့် ပြောလျှင် နား အတွင်းပိုင်း ရှိ အာရုံခံ ဆဲလ်များ ကိုထိကာ ထုံထိုင်း တတ် ကြောင်း၊ ထိုသို့ ဖြစ်လာလျှင် တိတ် ဆိတ်ငြိမ်သက်သော နေရာများတွင် တစ်ရက်မှ နှစ်ရက် အထိ အနားယူ သင့်ကြောင်း၊ မသက်သာ လျှင် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆရာဝန် များနှင့် အမြန်ဆုံး ပြသ ကာ ကာ ကုသမှု ခံယူ ရမည်ဖြစ်ကြောင်း နား၊ နှာခေါင်း၊ လည်ချောင်း အထူးကု ဆေးရုံကြီး မှ သိရသည်

Myawady Health's facebook wall မှကူးယူဖော်ပြသည်